ဆာတန်ကမူ သင့်အား အတိတ်၏ ကျရှုံးမှုဒဏ်ရာများနဲ့ လောင်ကျွမ်းစေလိုငှါးလည်း ခရစ်တော်သည် သင့်အားဖိတ်ခေါ်နေဆဲပင်။ ခရစ်တော်၏ ဘ၀သစ်ထဲ လျှောက်လာခဲ့ပါ။ “ခရစ်တော်၏အသွေးသည်၊သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်ကို ၀တ်ပြုမည်အကြောင်း၊ သင်တို့ ၌ ကိုယ်ကို ကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှါ၊သာ၍ တတ်နိုင်တော်မူသည် မဟုတ်လော။” (ဟေဗြဲ၊ ၉း၁၄)။
သပည့်တော်များ သခင်ကိုစွန့် ခွာထားခဲ့ကြသည်။ ကားတိုင်ပင် ခရစ်တော်တစ်ဦးတည်း အထီးကျန် သူထမ်းခဲ့ရသည်။ ဤအတိတ်ဆိုးမီးအား တပည့်တော်များ အောင်စီးနင်းနိုင်ခဲ့ကြသည်။ သို့မဟုတ်လျှင် ခရစ်၀င်သတင်းကောင်းနှင့်သြ၀ါဒတရားများ ယနေ့ ဒို့တတွေ ဖတ်ရှုတရားနာနိုင်ကြမည်မဟုတ်ပါချေ။
အတိတ်ဆိုးအားမမှု၊ရှေ့ဆက်ခရီးနှင်သူများသာ ဧကန်ဘ၀ချမ်းသာရမည်။ သို့မဟုတ်လျှင်၊ သတင်းကောင်းများပျောက်ဆုံးပြီး သြ၀ါဒတရားများ ပျောက်ကွယ်သွားကြလိမ့်မည်။ ခေါင်းဆောင်ကောင်းများလည်း မပါ်မထွန်း၊ အနာဂတ်လူငယ်များသည်လည်း မပွင့်မဖွားဖြစ်မည်သာ။ ထာ၀ရဘုရားသခင့်ထံတော်ပါးသို့ အပြစ်၀န်ခံ၍ အမြန်လှမ်းလိုက်ပါ၊မိတ်ဆွေ – သင့်ဘ၀ချမ်းသာရမည်။ သတိနှင့် ကြည့်ရှုတော်မူသောကြောင့် သူသည်သင့်အား ဖေးမကူညီပါလိမ့်မည်။ သင့်အားမိတ်ဆွေကောင်းများနှင့်မိတ်ဆက်ပေးနိုင်စွမ်းရှိသောဘုရားသခင်ဖြစ်သည်။ အမြင်မှန်များနှင့်ပြောင်းလဲပြီး အိမ်တော်သို့ အပြေးပြန်လာနိုင်ပါစေသား။ (Max Lucado ၏နေ့စဥ်ခွန်အားမှ ဆီလျော်စွာမြန်မာမှုပြုသည်။)
