ဘုရားနှင့်တရားသည် လက်တွေ့မကျ စိတ်ကူးသာဆန် ကိုးစားမရဆိုသူကို ဘုရားသခင် မစပေးခဲ့သည်။ တိုက်ဆိုင်မှုပါဟု အကြိမ်ကြိမ် သူယူဆမိခဲ့သော်လည်း၊ မိမိဆုတောင်းခဲ့သည်အတိုင်း သူကွက်တိအဖြေရသည်။ အလားတူအဖန်တလဲလဲဖြစ်သည်ကိုသူ၀န်မခံနိုင်ခဲ့ပါ။ မဆုံးသောမေတ္တာများနှင့်ထိုသူကို ဘုရားချစ်သည်။ ကတိတော်နှင့်စပ်ဆိုင်သော သူ့မေတ္တာ၊ ဒီနေ့ သူကျောခိုင်းလို့မရတော့ပါ။ ပေတရုကဲ့သို့ ခြေတော်ရင်းနားတိုး၀င်လျက် အပြစ်၀န်ချတောင်းပန်ရင်း ယေရှုကိုသူချီးမွမ်းလိုက်သည်။ “ငါထာ၀ရဘုရားသည် ခပ်သိမ်းသော သတ္တ၀ါတို့ကို အစိုးရသောဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သော အရာ တစ်စုံတစ်ခုရှိလိမ့်မည်လော။” (ယေရမိ၊ ၃၂း၂၇)
Discover more from Eternal Agora
Subscribe to get the latest posts sent to your email.
